ခရီးသွားရင်း Passport ပျောက်ရင် ဘာလုပ်မလဲ? အရေးပေါ် ဖြေရှင်းနည်း အဆင့် (၄) ချက်
နိုင်ငံခြားမှာ Passport ပျောက်သွားရင် မပျာပါနဲ့။ ရဲတိုင်ချက်ဖွင့်ခြင်း၊ မြန်မာသံရုံး ဆက်သွယ်ခြင်း၊ C.I လျှောက်ထားခြင်းအပါအဝင် အရေးပေါ် ဖြေရှင်းနည်း (၄) ချက်ကို ဖတ်ရှုလိုက်ပါ။
နိုင်ငံရပ်ခြားမှာ လည်ပတ်နေတုန်း 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 ပျောက်သွားတဲ့ အခြေအနေမျိုးက ဘယ်သူမှ မကြုံချင်ဆုံး ခေါင်းခဲစရာ ကိစ္စနော်။ ခရီးသွားရတဲ့စိတ်နဲ့ ပျော်နေတာတွေ အကုန်ဇောက်ထိုးဖြစ်ပြီး ရင်မောရမယ့် ကိစ္စပေမဲ့ ပျာယာမခတ်သွားဘဲနဲ့ ဒီအဆင့်လေးတွေအတိုင်း ခေါင်းအေးအေးနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်ပါတယ်နော် 👇
၁။ ရဲစခန်းမှာ တိုင်ချက်သွားဖွင့်ပါ 🚓
သိသိချင်း အနီးဆုံး ရဲစခန်းကို တန်းသွားပြီး 𝐏𝐨𝐥𝐢𝐜𝐞 𝐑𝐞𝐩𝐨𝐫𝐭 ယူပါ။ သံရုံးမှာ စာရွက်စာတမ်း ပြန်လျှောက်ဖို့ ဒီတိုင်ချက်စာရွက်က မရှိမဖြစ် လိုပါတယ်။
၂။ မြန်မာသံရုံး (သို့) ကောင်စစ်ဝန်ရုံးဆီ ဆက်သွယ်ပါ 🏛️
ရောက်နေတဲ့ နိုင်ငံမှာရှိတဲ့ မြန်မာသံရုံး/ကောင်စစ်ဝန်ရုံးဆီ ချက်ချင်း ဖုန်းဆက်တာဖြစ်ဖြစ်၊ လူကိုယ်တိုင် သွားတာဖြစ်ဖြစ် ဆောင်ရွက်ပါ။
အများအားဖြင့် လိုရမယ့် စာရွက်စာတမ်းများ:
• 𝐏𝐨𝐥𝐢𝐜𝐞 𝐑𝐞𝐩𝐨𝐫𝐭 (ရဲတိုင်ချက်စာရွက်)
• 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 စာအုပ် မိတ္တူ (သို့) ဖုန်းထဲက 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 ပုံ
• မှတ်ပုံတင် မိတ္တူ (ရှိရင် ယူသွားပါ)
• မိမိ၏ ဓာတ်ပုံ (𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐒𝐢𝐳𝐞 - ၂ ပုံ)
၃။ အရေးပေါ် ခရီးသွားလက်မှတ် (𝐂.𝐈) လျှောက်ပါ 📄
အလည်သွားတာမို့ မြန်မာနိုင်ငံကို ပြန်နိုင်အောင် သံရုံးကနေ 𝐂.𝐈 (𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐨𝐟 𝐈𝐝𝐞𝐧𝐭𝐢𝐭𝐲) လို့ခေါ်တဲ့ ယာယီ ခရီးသွားလက်မှတ် ထုတ်ပေးပါလိမ့်မယ်။
(မှတ်ချက် - ထိုင်း/စင်ကာပူလို သံရုံးရှိတဲ့ နိုင်ငံတွေမှာ ၂-၃ ရက် ဝန်းကျင်လောက်ပဲ ကြာနိုင်ပေမဲ့ သံရုံးမရှိတဲ့ နိုင်ငံတွေမှာတော့ အနီးစပ်ဆုံး သံရုံးဆီ ချိတ်ရတာမို့ အချိန် ပိုကြာနိုင်ပါတယ်)
၄။ 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ပါ 🛂
သံရုံးက C.I ရလာရင် ထိုနိုင်ငံရဲ့ 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 ရုံးကို သွားပြီး ဗီဇာ/အဝင်တံဆိပ်တုံးကို C.I ပေါ် ရွှေ့တာနဲ့ ပြည်ပြန်ခွင့် အတည်ပြုချက် ရယူရပါမယ်။ နိုင်ငံအလိုက် စည်းမျဉ်း မတူတာမို့ သံရုံးနဲ့ 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 က ပြောတဲ့အတိုင်း ဆက်လုပ်ပေးပါ။
🌐 နိုင်ငံအလိုက် ကွာခြားနိုင်တာလေး သိထားပါ
(ရဲတိုင် → သံရုံးသွား → C.I. လျှောက်) ဆိုတဲ့ အခြေခံလုပ်ငန်းစဉ်က အများအားဖြင့် တူညီပါတယ်။ ဒါပေမယ့် ကိုယ်ရောက်နေတဲ့ နိုင်ငံမှာ မြန်မာသံရုံးရှိ၊ မရှိ အပေါ်မူတည်ပြီး ဆောင်ရွက်ရမယ့် ကြာချိန်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အနည်းငယ် ကွာခြားနိုင်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ မြန်မာသံရုံး (သို့) ကောင်စစ်ဝန်ရုံးရဲ့ ညွှန်ကြားချက်ကို အရင်ဆုံး မေးမြန်းပြီး ဆောင်ရွက်တာက အကောင်းဆုံးပါ။
💡 𝐓𝐫𝐢𝐩 𝐁𝐨𝐱 ရဲ့ 𝐓𝐫𝐚𝐯𝐞𝐥 𝐓𝐢𝐩:
ခရီးမထွက်ခင် 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 နဲ့ ဗီဇာတွေကို ဖုန်းထဲမှာရော၊ 𝐆𝐨𝐨𝐠𝐥𝐞 𝐃𝐫𝐢𝐯𝐞/𝐄𝐦𝐚𝐢𝐥 ထဲမှာပါ 𝐒𝐨𝐟𝐭 𝐂𝐨𝐩𝐲 သိမ်းထားပါ။ ပျောက်သွားတဲ့အခါ အထောက်အထား ပြရတာ ပိုလွယ်ပြီး 𝐂.𝐈 ရတာလည်း အများကြီး မြန်သွားပါလိမ့်မယ်!