Window Seat ရမှ ပျော်တယ်... ပြီးတော့ အိပ်တယ် 😴🪟 ဘာကြောင့် Window Seat ကို ဒီလောက်ကြိုက်ကြတာလဲ?
Window Seat ရရင် ပျော်ပေမယ့် Take-off ပြီးတာနဲ့ Window Shade ချပြီး အိပ်သွားတတ်လား? 😴🪟 Window Seat ကို လူတွေ ဘာကြောင့် ဒီလောက်ကြိုက်ကြတာလဲဆိုတာရဲ့ နောက်က Travel Psychology ကို လေ့လာကြည့်ရအောင်။
လေယာဉ်လက်မှတ်ဝယ်တဲ့အချိန်...𝐖𝐢𝐧𝐝𝐨𝐰 𝐒𝐞𝐚𝐭 ရရင် ပျော်သွားတဲ့သူတွေ ရှိတယ်။
ပိုက်ဆံနည်းနည်း ထပ်ပေးပြီးတောင် 𝐖𝐢𝐧𝐝𝐨𝐰 𝐒𝐞𝐚𝐭 ကို ရွေးကြတာနော်။ 😄
ဒါပေမယ့်... 𝐓𝐚𝐤𝐞-𝐨𝐟𝐟 လုပ်ပြီး တိမ်တွေကို ခဏလောက်ကြည့်ပြီးတာနဲ့...
𝐖𝐢𝐧𝐝𝐨𝐰 𝐒𝐡𝐚𝐝𝐞 ချ...နားကြပ်တပ်...အိပ်သွားကြပြန်တယ်။ 😂
ဒါဆို... ဘာကြောင့် 𝐖𝐢𝐧𝐝𝐨𝐰 𝐒𝐞𝐚𝐭 ကို ဒီလောက်လိုချင်ကြတာလဲ?
တကယ်တော့ ဒါက မြင်ကွင်းလှလှလေး မြင်ချင်ရုံတင် မဟုတ်ပါဘူး။ "𝐒𝐞𝐧𝐬𝐞 𝐨𝐟 𝐂𝐨𝐧𝐭𝐫𝐨𝐥" လို့ ခေါ်တဲ့ သဘောတရားတစ်ခုလည်း ပါဝင်ပါတယ်။ အလွယ်ပြောရရင်... 𝐖𝐢𝐧𝐝𝐨𝐰 𝐒𝐞𝐚𝐭 မှာ ထိုင်တဲ့အခါ လေယာဉ်ပေါ်မှာ ဘယ်သူ့ကိုမှ အားနာစရာမလိုဘဲ လိုက်ကာပိတ်ချင်ပိတ်၊ ဖွင့်ချင်ဖွင့်... "ငါ့နေရာမှာ ငါ့စိတ်ကြိုက် အနှောင့်အယှက်ကင်းကင်း နေရတယ်" ဆိုတဲ့ စိတ်အေးချမ်းမှုကို ပိုရတတ်လို့ပါ။ ✈️☁️
ပြီးတော့ အပြင်က မြင်ကွင်းကို ကိုယ်တိုင် မြင်နေရတာကြောင့်...လေယာဉ် စပျံတဲ့အချိန်၊ တိမ်တွေကြားကို ဖြတ်သွားတဲ့အချိန်...
"အခု... ငါတကယ် ခရီးထွက်နေပြီ။" ဆိုတဲ့ ခံစားချက်ကို ပိုရတတ်ပါတယ်။ ✈️☁️
ဒါကြောင့်လည်း လူအများစုက 𝐖𝐢𝐧𝐝𝐨𝐰 𝐒𝐞𝐚𝐭 ကို ပိုသဘောကျကြတာပါ။
ကိုယ်ကတော့...
𝐅𝐥𝐢𝐠𝐡𝐭 တိုရင်တော့ ဘယ် 𝐒𝐞𝐚𝐭 ဖြစ်ဖြစ် အဆင်ပြေတယ်။
ဒါပေမယ့်...
၃–၄ နာရီကျော်တဲ့ 𝐅𝐥𝐢𝐠𝐡𝐭 ဆိုရင်တော့ 𝐀𝐢𝐬𝐥𝐞 𝐒𝐞𝐚𝐭 ပဲ။ 😄
ထချင်တဲ့အချိန် ထလို့ရတယ်၊ ခြေဆန့်လို့ရတယ်၊ ဘေးကလူကိုလည်း နှိုးစရာမလိုဘူး။
အေးအေးဆေးဆေး ကိုယ့်စိတ်ကြိုက်နေလို့ရတယ်။
💬 ကိုယ်ရော... 𝐖𝐢𝐧𝐝𝐨𝐰 𝐓𝐞𝐚𝐦 🪟 လား? 𝐀𝐢𝐬𝐥𝐞 𝐓𝐞𝐚𝐦 🚶 လား?