Skip to content
“ဒီတစ်ခါပဲ” ဆိုပြီး လေဆိပ်မှာ ဈေးကြီးတာ ဝယ်မိတာ ဘာကြောင့်လဲ?
Travel Psychology

“ဒီတစ်ခါပဲ” ဆိုပြီး လေဆိပ်မှာ ဈေးကြီးတာ ဝယ်မိတာ ဘာကြောင့်လဲ?

1 min read

လေဆိပ်ရောက်တာနဲ့ ဈေးကြီးမှန်းသိရက်နဲ့ Perfume၊ Chocolate၊ Souvenir တွေ ဝယ်မိတတ်တာ ဘာကြောင့်လဲ? Airport Shopping နောက်က စိတ်ပညာကို အလွယ်တကူ လေ့လာကြည့်ရအောင်။

အပြင်မှာ 𝟐,𝟎𝟎𝟎 𝐓𝐇𝐁 လောက်ပဲ ရှိတဲ့ 𝐏𝐞𝐫𝐟𝐮𝐦𝐞 ကို... လေဆိပ်မှာ 𝟐,𝟓𝟎𝟎 𝐓𝐇𝐁 ဆိုလည်း "ထားလိုက်တော့... ဒီတစ်ခါပဲ" ဆိုပြီး ဝယ်လိုက်မိဖူးလား? 😉

ဒါမှမဟုတ် 𝐂𝐡𝐨𝐜𝐨𝐥𝐚𝐭𝐞၊ 𝐂𝐨𝐬𝐦𝐞𝐭𝐢𝐜၊ 𝐒𝐨𝐮𝐯𝐞𝐧𝐢𝐫... ဈေးနည်းနည်း ပိုကြီးမှန်း သိပေမယ့်... နောက်ဆုံးတော့ ဝယ်လိုက်မိပြန်ရော။ 😅

တကယ်တော့ ဒါက ပိုက်ဆံဖြုန်းချင်လို့ မဟုတ်ပါဘူး။ စိတ်ပညာမှာ "𝐃𝐞𝐜𝐢𝐬𝐢𝐨𝐧 𝐅𝐫𝐚𝐦𝐞" ဆိုတဲ့ အယူအဆတစ်ခု ရှိပါတယ်။

အလွယ်ပြောရရင်... တူညီတဲ့ ပစ္စည်းတစ်ခုကို ဘယ်နေရာမှာ တွေ့ရလဲဆိုတာက အဲဒီပစ္စည်းအပေါ် ကိုယ်မြင်တဲ့ တန်ဖိုးကို ပြောင်းလဲစေနိုင်ပါတယ် .... လေဆိပ်ဆိုတာ နေ့စဉ်ဘဝနဲ့ မတူတဲ့ နေရာတစ်ခုပါ။ 🤞

Check-in လုပ်ပြီး၊ Security Check ဖြတ်ပြီးသွားတဲ့အချိန်မှာ လူအများစုက စိတ်ပေါ့ပါးလာပြီး "ခရီးစတော့မယ်" ဆိုတဲ့ ခံစားချက်ကို စတင်ခံစားရတတ်ပါတယ်။

အဲဒီအချိန်မှာ ဦးနှောက်က ဈေးနှုန်းတစ်ခုတည်းကိုပဲ မကြည့်တော့ဘဲ အဲဒီအချိန်ရဲ့ ခံစားချက်နဲ့ ပတ်ဝန်းကျင်ကိုပါ ထည့်တွက်ပြီး ဆုံးဖြတ်လာတတ်ပါတယ်။

ဒါကြောင့် လေဆိပ်မှာ ဈေးကြီးတာတောင် ဝယ်လိုက်မိတာက စိတ်ဓာတ်မခိုင်လို့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်နဲ့ စိတ်ခံစားချက်က ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ထင်ထားတာထက် ပိုပြီး သက်ရောက်မှုရှိနေတာကြောင့်ပါ။ ✈️

💬 ကိုယ်ရော... လေဆိပ်မှာ "ဈေးကြီးမှန်း သိရက်နဲ့ ဝယ်လိုက်မိတဲ့" ပစ္စည်းတစ်ခု ရှိဖူးလား? 😁

Share Facebook X Email

Keep reading

Related articles

Window Seat ရမှ ပျော်တယ်... ပြီးတော့ အိပ်တယ် 😴🪟 ဘာကြောင့် Window Seat ကို ဒီလောက်ကြိုက်ကြတာလဲ?
Travel Psychology 09 Aug 2026 1 min read

Window Seat ရမှ ပျော်တယ်... ပြီးတော့ အိပ်တယ် 😴🪟 ဘာကြောင့် Window Seat ကို ဒီလောက်ကြိုက်ကြတာလဲ?

Window Seat ရရင် ပျော်ပေမယ့် Take-off ပြီးတာနဲ့ Window Shade ချပြီး အိပ်သွားတတ်လား? 😴🪟 Window Seat ကို လူတွေ ဘာကြောင့် ဒီလောက်ကြိုက်ကြတာလဲဆိုတာရဲ့ နောက်က Travel Psychology ကို လေ့လာကြည့်ရအောင်။

Read article